မာတိကာသို့ ခုန်သွားရန်

အပိုင်းအခြား ဖြစ်နေသော ဆစ်ဂနယ်များ

ဝီကီပီးဒီးယား မှ
အပိုင်းအခြားဖြင့် နမူနာယူထားသော ဆစ်ဂနယ်များ
ဒစ်ဂျယ်တယ် ဆစ်ဂနယ်များ

အပိုင်းအခြားဖြစ်နေသော ဆစ်ဂနယ်များ (Discrete Signal) မှာ ဆစ်ဂနယ်များကို တဆက်တည်း ပြသခြင်း မဟုတ်ဘဲ၊ အချိန်ကာလ အပိုင်းအခြားဖြင့် ဖော်ပြထားသော ဆစ်ဂနယ်များကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုသို့ဖော်ပြခြင်း အားဖြင့် ဆစ်ဂနယ်ကို အချိန်တိုင်းတွင် မတွေ့ရပဲ ကြိုတင် သတ်မှတ်ထားသည့် အချိန်ကာလများတွင်သာ ဆစ်ဂနယ်ကို တွေ့ရလေ့ ရှိသည်။ ဥပမာအားဖြင့် တစ်စက္ကန့်လျှင် ဆစ်ဂနယ် ၁၀ ခုမျှ ဖမ်းယူမည် ဆိုပါက ဆစ်ဂနယ်၏ ဖော်ပြချက်ကို ၁စက္ကန့် ၏ ၁၀ ပုံ ၁ပုံ၊ ၁စက္ကန့်၏ ၁၀ ပုံ ၂ ပုံ စသော အချိန် အပိုင်းအခြားများတွင်သာ တွေ့ရသည်။

ပုံမှန်အားဖြင့် တဆက်တည်းဖြစ်နေသော ဆစ်ဂနယ်များ ကို အချိန်ကာလ အပိုင်းအခြားဖြင့် နမူနာယူခြင်း (sampling) ဖြင့် အပိုင်းအခြားဖြစ်နေသော ဆစ်ဂနယ် များအဖြင့် ရရှိနိုင်သည်။ ထိုသို့ အပိုင်းအခြား ဖြစ်နေသော ဆစ်ဂနယ် အဖြစ် ပြောင်းလဲပြီးမှသာ ပမာဏ အပိုင်းအခြား သတ်မှတ်ခြင်း (Quantization) ပြုလုပ်၍ ဒစ်ဂျစ်တယ် ဆစ်ဂနယ် များအဖြစ် ပြောင်းလဲနိုင်သည်။